၁၄ – ၁၈ အောက်တိုဘာ၊ ၂၀၂၀ ပြပွဲရက်များတွင် ကြည့်ရှုအားပေးကြပါ။
ပို့စ်ကဒ်တွေဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေဖို့အကောင်းဆုံး ပစ္စည်းတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပို့စ်ကဒ်ခေတ်ဆိုတာရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အသုံးပြုမှုမရှိသလောက်ဖြစ်ခဲ့ပါပြီ။ ပို့စ်ကဒ်အဟောင်းလေးတွေ ပြန်ကြည့်ရတာ အရသာရှိသလို အချိန်ကာလတစ်ခုကိုလည်း အမှတ်တရဖြစ်စေပါတယ်။ ကမ္ဘာပေါ်မှာတော့ ပို့စ်ကဒ်တွေပို့ကြတာ အခုအချိန်အထိ ခေတ်စားနေတုန်းပါပဲ။ စာပို့တိုက်စနစ်မပျက်သေးတဲ့သဘောပါ။ ကျွန်တော်တို့ လူထုအမှတ်သညာပွဲတော်မှာ မြို့တစ်မြို့ရဲ့ အမှတ်တရပို့စ်ကဒ်တွေ ထုတ်ဝေပြီး လူထုအမှတ်သညာပွဲတော်ရဲ့ အမှတ်တရခံစားချက်တွေကို ရေးပေးဖို့ ပန်ကြားခဲ့ပါတယ်။ ဘားအံ၊ ထားဝယ်၊ ပုသိမ်နဲ့ မိတ္ထီလာမြို့တွေမှာ ပြုလုပ်ခဲ့ပါတယ်။ ပို့စ်ကဒ်လေးတွေကို ရရှိတဲ့သူတွေဟာ သက်ဆိုင်ရာတာဝန်ခံတွေနဲ့ ဆက်သွယ်ပြီး မိမိတို့၏အထင်အမြင်များရေးသားကာ ပြန်လည်ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်။