Home

Our Festivals For – Pathein City

“ပုသိမ်မြို့ လူထုအမှတ်သညာပွဲတော်”

ပုသိမ်မြို့သည် အလွန်ရှေးကျသော ဆိပ်ကမ်းမြို့ဖြစ်ကာ ဧရာဝတီတိုင်း၏မြို့တော်လည်း ဖြစ်ပါသည်။ မြန်မာပြည်၏ ဆန်အိုးကြီးဟုထင်ရှားကာ ပုသိမ်ထီးလုပ်ငန်းကဲ့သို့ ယဥ်ကျေးမှုထုတ်ကုန်များလည်း ရှိပါသည်။ ပုသိမ်မြို့မှတ်တမ်းနှင့် ဓာတ်ပုံများစွာကို ကိုလိုနီခေတ်တွင် မှတ်တမ်းတင်ခဲ့သကဲ့သို့ ရာဇဝင်များမှ ထုတ်နှုတ်ရေးသားခဲ့သော စာအုပ်များလည်းရှိပါသည်။ ပုသိမ်မြို့တွင် မွန်၊ ကရင် တိုင်းရင်းသားအများစုနေထိုင်ကြသည်။ ပုသိမ်မြို့၊ လူထုအမှတ်သညာပွဲတော်ကို ၂၀၂၀ တွင်ကျင်းပရန် စီစဥ်ထားပါသည်။


သမိုင်းကို ထင်ဟပ်စေသောလူမှုမှတ်တမ်း ဓာတ်ပုံများ




လူထုအမှတ်သညာပွဲတော်

လူထုအမှတ်သညာပွဲတော် (ပုသိမ်မြို့)

လူထုအမှတ်သညာပွဲတော် (ပုသိမ်မြို့) တွင်ပြသ ရန် ဓာတ်ပုံများအား အမျိုးအစား (၃) မျိုးခွဲ၍

People – လူပုဂ္ဂိုလ်များ
(လူကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
Cityscapes – မြို့ပြ၀န်းကျင်များ
(ရှုမြင်ကွင်းကို အဓိကထား၍ ရိုက်ကူးထားသောပုံ)
Documents – မှတ်တမ်းမှတ်ရာများ
(ပို့စ်ကတ်ပုံ) ကို ပြသထားမည်သည်။

At the end of 2019, we had successfully organized five Open History Festivals through Photography, Documentaries, Generations talks on History, Arts and other social activities.

-the first in Kyauktada (Yangon)

-the second in Magway

-the third in Hpa-an and

-the fourth in Dawei

-the fifth in Yangon University

-In 2020, We are preparing for Pathein and Meikhtila.

ဆုရ မှတ်တမ်း ရုပ်ရှင်များ နှင့် ဓာတ်ပုံများ

လူထုကြားက သမိုင်းမှတ်တမ်းများအတွက် ဖိတ်ခေါ်ခြင်း

လူထုအမှတ်သညာပွဲ‌တော်၊ ပုသိမ်သည် ပုသိမ်မြို့ဖြတ်သန်းခဲ့ရသော သမိုင်းဓာတ်ပုံများကို ပြန်လည်မျှဝေ၍ မတူညီသော မျိုးဆက်များအကြား နားလည်မှုများတည်ဆောက်နိုင်ရန် ကျင်းပသော အနုပညာနှင့် သမိုင်းပွဲတော်တစ်ခုဖြစ်ပါသည်။ ဤပွဲတော်တွင် ဓလေ့ကို အားပေးသော သနပ်ခါးပွဲတော်နှင့်အတူ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲတို့ ပါဝင်ပါသည်။ မိမိမြို့တော်၏ အလှတရားနှင့် ဖြတ်သန်းမှုတို့ကို ထင်ဟပ်သော မှတ်တမ်းရုပ်ရှင်နှင့် ဓာတ်ပုံများ ပြိုင်ပွဲဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။ထို့အတူ ပုသိမ်မြို့၏ အတိတ်သမိုင်းကိုထင်ဟပ်နိုင်သော ဓာတ်ပုံအဟောင်းများ၊ လူမှုဘဝကို ထင်ဟပ်စေသော ဓာတ်ပုံများကို အများကြည့်ရှုနိုင်ရန်အတွက် ဝေမျှကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပုသိမ်မြို့

နိုင်ငံခြားသားမှတ်တမ်းတို့မှ သိရသမျှ ပုသိမ်ရာဇဝင်

သီဟိုဠ်ခရီးစခန်း ရက်အပိုင်းအခြားကို ၁၉၇၉-ခု ခရီးသွားတို့က ရက်စွဲအတိအကျပေးထားသဖြင့် သိရသည်မှာ သီဟိုဠ်ကောမာလဆိပ်မှ သက္ကရာဇ်၈၄၁-ခု တော်သလင်းလကွယ် ဗုဒ္ဓဟူးနေ့ထွက်ခဲ့ရာ နာဂရာသီတောင်မှ စီးဆင်းသောမြစ်ငယ်ဝသို့ တန်ဆောင်မုန်းလဆန်းတရက် သောကြာနေ့ရောက်၏။ ကုသိမ်သို့ တန်ဆောင်မုန်းလဆန်း ၁၁-ရက် တနင်းလာနေ့ရောက်၏။ ဟံသာဝတီသို့ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့ရောက်၏။ ထို့ကြောင့် ပင်လယ်ခရီး ၄၅-ရက်၊ မြစ်ဝမှ ပုသိမ်မြို့သို့ ၁၀-ရက်၊ ကုသိမ်မှ ဟံသာဝတီသို့ ၄-ရက် ခရီးဖြစ်ကြောင်း သိရပါသည်။

          မြန်မာမင်းလက်ထက်က ပုသိမ်တွင် နယ်တစ်ဆယ့်တစ်နယ်စိတ်၍ တစ်စိတ်လျှင် အရာရှိတဦး အုပ်ချုပ်ရ၏။ ၆၀၀ အထိ ရှိမြဲဖြစ်ရာ အင်္ဂလိပ်က ပုသိမ်နယ်ကိုသိမ်းယူလျှင် ထိုလက်နက်ကိုင် နောက်လိုက်အများပင် သူပုန်ယောင်ယောင် ဓားပြရောင်ရောင်ဖြစ်၍လာကြပါသည်။ ပုသိမ်အောက်ပိုင်း၌ နာမည်ကျော်လူဆိုးဗိုလ်မှာ ငတီဝှက်ဖြစ်၏။ ပုသိမ်မြောက်ပိုင်းတွင် သူပုန်ခေါင်းဆောင်ကား ပုသိမ်မြို့ဝန်မင်းကြီး မောင်ငိုဖြစ်၍ မြန်မာမင်းထံမှ အကူအညီနှင့်ပေါင်းသော် လူအင်အားနှစ်သောင်းမျှရှိ၍ ငသိန်းနှင့် မောင်သာဘုံခေါ် အားကိုးရသည့်လက်အောက်ခံဗိုလ်တို့နှင့်ရှိနေပါသည်။ မောင်သာဘုံမှာ ပန်းတနော်မြို့သူကြီးဖြစ်သည်။ ပထမ ငသိန်းတပ်ပျက်၏။ နောက်မောင်သာဘုံကျဆုံး၏။ ပြီးမှ လူ ၁၅၀၀ နှင့် အင်္ဂလိပ်က လေးမျက်နှာကိုတက်၍ဝိုင်းရာ မင်းကြီးတပ်ပြောင်းနှင့်သည်ကို တွေ့ရသည်။ လမ်းမှဖြတ်၍တိုက်ရာ မင်းကြီးမောင်ငို ဒဏ်ရာရ၍ သားနှစ်ယောက်ကို မိလိုက်၏။ မင်းကြီးလည်း နှစ်ရက်ကြာလျှင် သေဆုံးသည်။ အင်္ဂလိပ်အတွက် နောက်ထပ် ရန်စူးရန်ငြှောင့် တစ်ဦးကား ‘ကွင်းကဇင်း’တွင် အခိုင်အမာနေသော မြတ်ထွန်းပင်ဖြစ်ပါသည်။

          တစ်ဆယ့်ခုနစ်ရာစုအတွင်း ကောသ္မိသည် ရခိုင်လက်အောက်ခံဖြစ်ဖူး၏။ တစ်ဆယ့်ခုနစ်ရာစုကစ၍ ပုသိမ်မြစ်ဝ၌ အင်္ဂလိပ်တို့ ရေတပ်စခန်းဖွင့်လို၏။ တစ်ဆယ့်ရှစ်ရာစုအတွင်းဝယ် အင်္ဂလိပ်တို့ ဟိုင်းကြီးကျွန်းတွင်နေလာ၍ ပုသိမ်တွင် အရောင်းစခန်းဖွင့်၏။ ဟိုင်းကြီးကျွန်းနေ အင်္ဂလိပ်အားလုံးကို အလောင်းမင်းတရားကြီးက သတ်စေသဖြင့် ၁၇၅၉-ခု နိုဝင်ဘာလ ၆-ရက်နေ့က အားလုံးသေကြသည်။ ပုသိမ်ကို ၁၈၅၂-ခု ဂျွန်လ ၅-ရက်နေ့တွင် အင်္ဂလိပ်က သိမ်းယူကြောင်း ကျေငြာသည်။

                                                                                          ဒေါက်တာ-သန်းထွန်း